ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ချင်းပြည်နယ်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ သည်။
မြစ်ရေခန့်မှန်းချက်

အကယ်ဒမီ မီးလင်းရွှေဈေး

ချောင်းဦးမြို့၌ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ဌာနဆိုင်ရာဝ န်ထမ်းများ စုပေါင်း၍ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
မံစီမြို့နယ်၌ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၊ ကောင်ရာရပ်ကွက်ရှိ မန်ချက်စတာ(မြက်ခင်းတု) ဖူဆယ်ဘောလုံး အားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက စတင်ယှဉ်ပြိုင်ကြသည်။
​ရေတာရှည်မြို့နယ်၌ စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဌာန​ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတု ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွကို ဖေဖော်ဝါရီ ၁ ရက်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့၌ စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်သွယ်ရေတိုင်စနစ် သွယ်တန်းခြင်းနှင် ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မာလကာကုန်း (အရှေ့စု) ကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်