မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သား ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီ တစ်ပိဿာ ၄၅၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆီငါးဆယ်ကျပ်သားအား ယနေ့ နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ချောင်းသာကမ်းခြေတွင် ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်လျက်တွေ့ရှိပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ ချောင်းသာကမ်းခြေတွင် ယမန်နေ့ ညနေ ၅ နာရီက ဝေလငါးမျိုးစိတ်ဝင် ငါးကြီးတစ်ကောင် သောင်တင်လျက်တွေ့ရှိခဲ့ပြီး ပင်လယ်ပြင်သို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့ မြေနီခင်တောင်ရပ်ကွက် လက်မှတ်ကုန်းရပ်တွင် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ...............
ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၇) သင်တန်းဖွင့်ပွဲ ကျင်းပ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ် သင်တန်းအမှတ်စဉ်(၁၂၇)  သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် ကျင်းပပြီး ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့် ရှိနိုင်ပါသည်။