ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီအတွင်း ဆောင်းသီးနှံ ၅၉၁၄၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။







