အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေမည်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မြစ်ရေခန့်မှန်းချက်

အင်တောမြို့၌  ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေ ၂၇ ရက် နံနက်ပိုင်းက နန်းကောင်းမှု ကျေးရွာအုပ်စု၊ နန်းကုကျေးရွာ အခြေခံမူလတန်းကျောင်းဝင်း၌ ပြုလုပ်ခဲ့ကြသည်။
သိန္နီမြို့နယ်မှ လိုက်ချီးပင်စိုက်ပျိုးသူများ စတင်ခူးဆွတ်ချိန်၌ ဈေးကောင်းရရှိနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ လိုက်ချီးသီး စတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာ တစ်တွဲလျှင် ငွေကျပ် ငါးထောင်ဖြင့် ရောင်းချရသောကြောင့် ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အတွက် စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။