ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် (၄၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ ကျင်းပ

အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး

ဒေးဒရဲမြို့နယ်တွင် မိုးစပါးအထွက်တိုးရေးနှင့် ဆီထွက်သီးနှံ ဆောင်းနေကြာ တိုးချဲ့စိုက်ပျိုးရေး ဆွေးနွေး

တာမွေမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်း အခမဲ့ ဖွင့်လှစ်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် (၀၈:၃၀)နာရီအချိန်တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “အာစန်နီ(Asani)” အဖြစ်သို့ အားလျော့သွားခဲ့ကာ အိန္ဒိယနိုင်ငံ မာချီလီပတ္တနမ်မြို့(Machilipatnam) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၀)မိုင်ခန့်၊  ကာကီနာဒါ မြို့(Kakinada)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၉၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၆၅)မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၉၅) မိုင်ခန့်၊ ပူရီမြို့(Puri)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်၊ မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင်(၇၅၀) မိုင် ခန့်နှင့် ဂွမြို့(Gwa)၏ အနောက်ဘက် ရေမိုင်(၇၈၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။