ပြင်စလူမြို့၌ လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်းရှောင်ပြည်သူများ သတ်မှတ်နေရာများတွင် နေနိုင်လျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ ယနေ့နံနက် ၆ နာရီမှစတင်၍ လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်းရှောင်ပြည်သူများ သတ်မှတ်နေရာများဖြစ်သည့် စုရပ်(၄)နေရာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သွားမည်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင် (၇၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၅) မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၀၅)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၅၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၆၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၂၂၀)မိုင်ခန့်နှင့်  မာယာဘန်ဒါမြို့(Mayabundar) ၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင် (၁၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့်ပတ်သက်၍ သတိပေးကြေညာချက်များ လိုက်လံနှိုးဆော်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့်ပတ်သက်၍ သတိပေးကြေညာချက်များကို ယနေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် အဖွဲ့အစည်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်  ဂုဏ်ပြုချီးမြှင့်
မွန်ပြည်နယ်အတွင်းရှိ  လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးနှင့် ရောင်း၀ယ်ဖောက်ကားမှု မရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ..............
ဘူးသီးတောင်မြို့၌ အားကောင်းသော မုန်တိုင်းငယ် သတိပေးချက်များ လှည့်လည်နှိုးဆော်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မတ် ၂၂ ရက်တွင် ...........