တောင်ကြီးမြို့၌ တောင်သူလယ်သမားများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မိုးကြို၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မတ် ၁၁ ရက် နံနက် ၉ နာရီခွဲမှစတင်၍ တောင်သူများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲသို့ ၁၂၈၄ ဦး ဝင်ရောက်ဖြေဆိုမည်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ‌ခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၈၄ ဦး ဝင်ရောက် ‌ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံ
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆု ဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန် စိုက် ဆုဖလားအပ်နှံသည့် အခမ်းအနားကို မတ်  ၁၀ ရက် နံနက်  ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မတ်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်ခန့်စီ လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။
မြစ်ရေအခြေအနေ