မြစ်ရေခန့်မှန်းချက်

အကယ်ဒမီ မီးလင်းရွှေဈေး

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၆/၂၀၂၂)
ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက် မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၆၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း(Hainggyigyun)မြို့၏ အနောက်- အနောက်တောင် ဘက် ရေမိုင်(၇၉၅)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ ထရီကိုမာလီ (Trincomale)မြို့၏ အရှေ့-အရှေ့မြောက် ဘက် ရေမိုင်(၁၀၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ  နာဂါပတ္တနမ်(Nagapattinam)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၂၀၅)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ယနေ့မြန်မာစံတော်ချိန် နံနက် ၅ နရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၇၀၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၈၀၀)မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ ထရီကိုမာလီ(Trincomale)မြို့ ၏ အရှေ့ဘက် ရေမိုင် (၁၀၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နာဂါပတ္တနမ် (Nagapattinam)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၂၃၀)မိုင်ခန့်၊ ပူဒူချယ်ရီ (Puducherry) မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၃၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး

တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံ နေကြာခင်းများ အောင်မြင်ဖြစ်ထွန်းမှုကောင်း

တပ်ကုန်း မတ် ၄