နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အကယ်ဒမီ မီးလင်းရွှေဈေး

မြစ်ရေခန့်မှန်းချက်

အကယ်ဒမီ မီးလင်းရွှေဈေး

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
တယ်လီနောမြန်မာကိုရောင်းချရန် ခွင့်ပြုမိန့်စောင့်ဆိုင်းနေပြီး ပုံမှန်လည်ပတ်နေကြောင်း ထုတ်ပြန်
တယ်လီနောမြန်မာသည် ၎င်း၏ရှယ်ယာများကို ရောင်းချခြင်းအတွက် လိုအပ်သည့် သက်ဆိုင်ရာ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာ၏လုပ်ငန်းများမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး မြန်မာနိုင်ငံရှိ လူအားလုံးကို ဆက်သွယ်ချိတ်ဆက်ပေးနိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း တယ်လီနောမြန်မာက ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ကြေညာထားသည်။