အကယ်ဒမီ မီးလင်းရွှေဈေး

အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေး

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် မြန်မာအသင်း ၂၀၂၂ အာဆီယံ ယူ-၂၃ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရ
ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကစားသမား များရှိနေခြင်း၊ ရောဂါလက္ခဏာ ခံစားနေရသူများရှိနေခြင်းတို့ကြောင့် မလေးရှားနှင့် အုပ်စုပထမပွဲ မကစားမီ နာရီပိုင်းအလိုတွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
မြစ်ရေအခြေအနေများ

ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်
ယနေ့ညနေအထိခန့်မှန်းချက်မှာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။