ဗိုင်းရပ်စ်ပိုး စတင်ကူးချိန်ကစပြီး ဂျာမနီနိုင်ငံမှာ ပိုးကူးစက်ခံသူ အများဆုံးနေ့ ဖြစ်လာ

ဂျာမနီ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၆,၆၃၈ ဦးကို ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း တွေ့ရှိကြောင်း ဒီနေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇ သန်းကျော်သွားတဲ့ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်တွေ ပြန်လည် ဖွင့်လှစ်
အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ  ၇ သန်း ကျော်သွားပေမယ့် လနဲ့ချီပြီး ပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေအား ဒီနေ့ (ကြာသပတေးနေ့) မှာ ပြန်လည်ဖွင့်လှစ်ကြောင်း သိရပါတယ်။
ကြွေးမြီပြန်ဆပ်ရန် ကာလ ခြောက်လ သက်တမ်းတိုးရန် G-20  သဘောတူ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ အကြားတွင် ရုန်းကန်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ရန်အတွက် ကြွေးမြီများ ပြန်လည်ပေးဆပ်မှုကို  ခြောက်လ သက်တမ်းတိုးရန် G-20အဖွဲ့၏ စီးပွားရေး အုပ်စုမှ သဘောတူညီခဲ့သည်။
တစ်ကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ပြင်သစ်တွင် ညမထွက်အမိန့် ထုတ်ပြန်မည်
လွန်ခဲ့သည့် သုံးလက သက်တမ်းကုန်ဆုံးခဲ့သည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ပြင်သစ်အစိုးရက ပြန်လည်သတ်မှတ်မည်ဖြစ်ပြီး ပါရီမြို့ အပါအဝင် အချို့မြို့များတွင် ညမထွက်ရအမိန့် ထုတ်ပြန်မည်ဖြစ်သည်။
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်
အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ်မာတင်က နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ကြောင်း၊ ဗြိတိန်နိုင်ငံနဲ့ နယ်စပ်ဒေသ တွေကိုပါ အခုထုတ်ပြန်တဲ့ စည်းမျဉ်းအတွင်းပါရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာ လိုက်ပါတယ်။