တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေ ဖော်ဆောင်ပေးနေသော ယိုစုံလုပ်ငန်း 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ရွာဟောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု ယိုစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန် ဖော်ဆောင်လျက်ရာ ပုံမှန်ဈေးကွက်ရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လေ့လာစရာ ရိုးရာလက်မှုလုပ်ငန်းများထဲမှ အနုပညာလက်ရာမြောက် ဝါးလက်မှုလုပ်ငန်း
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသတွင် အနုပညာလက်ရာမြောက် ဝါးလက်မှုပစ္စည်းများ၊ ဝါးဖန်စီပစ္စည်းများကို ပုံစံမျိုးမျိုး ပြုလုပ်ရောင်းချကြသည်။ လက်ရှိကာလ ခရီးသွားလုပ်ငန်း ရပ်နားထားချိန် အနာဂတ်ကာလ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ဝါးလက်မှုပစ္စည်း ပြုလုပ်ခြင်းနှင့် အလှပုံရေးဆွဲခြင်းများကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆင်တလည်ရွာတွင် တစ်ပိုင်တစ်နိုင် ပဲလှော်လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေဖော်ဆောင်
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ဆင်တလည်ရွာတွင် ပဲလှော်လုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန် ဖော်ဆောင်လျက်ရှိရာ တစ်နှစ်ပတ်လုံး ပုံမှန်ဈေးကွက်ရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးမှုနှင့် တိရစ္ဆာန်အစာအတွက် ထောက်ပံ့ပေးနိုင်
မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးရန် နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့အနက် နေကြာ၊ မြေပဲနှင့် နှမ်းတို့ကို အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ဘုတလင်မြို့နယ်မှ ထွက်ရှိသည့် ငှက်ပျောများ ဈေးကောင်းရရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်ကာလ ဖြစ်နေသာ်လည်း အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ငှက်ပျောများမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိနေကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။
နံနက်ပိုင်း ရွှေဈေး
ကျောက်ပန်းတောင်းမြို့နယ်တွင် လှောင်ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ၂၀၀ ကျပ်အထိ ဈေးနှုန်ကျဆင်းသွား
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်တစ်ပိဿာ ၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့် ကြက်သွန်လှောင်ထားသည့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်အရောင်းအဝယ် ပြုလုပ်နေသူ ဦးမြင့်ချိုက ပြောသည်။