မန္တလေးဈေးကွက်အတွင်း ကြက်ဥဈေးနှုန်းများ တည်ငြိမ်ကာ ကြက်သားဈေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သားဈေးကွက်အခြေအနေမှာ လက်ရှိကာလ၌ ကြက်ဥဈေးနှုန်းများ တည်ငြိမ်ကာ ကြက်သားဈေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာနေသူရိန်က ပြောကြားသည်။