တရုတ်ပြည်သို့ သရက်သီးများစတင်ပို့နေသော်လည်း တရုတ်ပြည်ထဲမရောက် ရွှေလီမှာသာရောင်းနေရ
မြန်မာ့သရက်သီးများကို ဧပြီ ၆ ရက်မှစပြီး တရုတ်နိုင်ငံသို့ စတင်တင်ပို့နေပြီဖြစ်သော် တရုတ်နိုင်ငံက ထုတ်ပြန်ချက်များကြောင့် ရွှေလီ၌သာ ရောင်းနေရသေးကြောင်း မြန်မာသရက်ဈေးကွက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။








