မန္တလေးမြို့ ကွန်ဗင်းရှင်စင်တာတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကျောက်စိမ်းအရိုင်း အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲတွင် တင်ဒါစဖွင့်သည့် အောက်တိုဘာ ၂၆ ရက်နေ့၌ ကျောက်စိမ်းအတွဲပေါင်း ၅၀ဝ ကျော်ကို ငွေကျပ် သိန်းပေါင်း လေးသောင်းငါးထောင်ကျော် ဖြင့် ရောင်းချခဲ့ရကြောင်း ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးကျော်ဇောအောင်က ပြောကြားသည်။