၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် သြဂုတ်လကုန်အထိ မိုးစပါး ဧက(၁၂)သိန်းကျော် စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခုအတွင်းရှိ မြို့နယ် (၃၄)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး ၁၂၅၉၂၅၅ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။







