နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့်မှန်းချက်
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့ တို့တွင် (၂)ပေမှ (၃)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့ ၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၄)ပေမှ (၇)ပေခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါသည်။