မူဆယ်၊ မင်္ဂလာဒုံ၊ လှိုင်နှင့် တနင်္သာရီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ တိုက်တန်းအမှတ် (R-10)ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တွင် အမျိုးသား ၂ ဦးမှ မသင်္ကာဖွယ်စက္ကူဂျပ်ဖာများ လာရောက်အပ်နှံသွားကြောင်း သတင်းအရ သွားရောက်ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ တို့ကိုလည်းကောင်း။






