ပုဗ္ဗသီရိမြို့နယ်၌ ရထားသံလမ်းပေါ်တွင် အိပ်နေသည့် အမျိုးသား ၁ ဦးအား ရထားတိုက်မိ၍ သေဆုံး
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအနီး မိုင်တိုင် (၂၃၈/၇-၈)ကြား၌ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ရထားတိုက်မိမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။






