မော်လိုက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မော်လိုက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲတွင် မော်လိုက်မြို့နယ်၊ ခါဝဲကျေးရွာအုပ်စု၊ ပါဝယ်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဖိုးဇော်နှင့် ထွန်းကြိုင်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ဖိုးဇော်မှာ ချင်းတွင်းမြစ်အတွင်းသို့ ခုန်ချထွက်ပြေးသွားပြီး ထွန်းကြိုင်ထံမှ ဘိန်းဖြူ သုည ဒသမ ၄၅၆ ကီလိုကို လည်းကောင်း။






