မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ပင်လည်ဘူး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၈ ရက် နံနက်ပိုင်းက ပင်လည်ဘူးမြို့နယ်၊ ကျော်ရွာကြီး-ဘာဟဲကျေးရွာ သွားကားလမ်းတွင် လမ်းလျှောက်လာသူ စိုးထွေး အားစစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလို၊ ဓား ၁ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ပင်လည်ဘူးမြို့နယ်၊ တောင်ဒွန်းကျေးရွာအုပ်စု၊ ကျော်ရွာကြီးကျေးရွာနေ နီတွတ်(ခ)ကျော်စိုးဦး၏ နေအိမ်ကိုသွားရောက်ရှာဖွေရာ