ရေဖြူမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင် (၂၀/၄)နှင့် မိုင်တိုင်(၂၀/၃)အကြား 5N/---- မှန်လုံအမြန်ယာဉ်သည် နံနက် ၃ နာရီခွဲခန့်က လမ်းချော်ပြီး လမ်းဘေး ရေမြောင်းအတွင်း ထိုးကျကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။








