ဆီဆိုင်မြို့နယ်တွင် စက်သုံးဆီသိုလှောင်ကန် အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာ ရပ်ကွက်၊ နယ်မြေ(၈)ရှိ ရွှေညောင်ပင်စက်သုံးဆီအရောင်းဆိုင်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက စက်သုံးဆီသိုလှောင်ကန်အတွင်းသို့ မောင်းထည့်ရာမှ ရေစုပ်စက်အပိတ်ခေါင်းပွင့်ပြီး စက်အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။






