ရွှေကျင်ကျေးရွာတွင် တောမီးမှတစ်ဆင့် ကြက်ခြံအဟောင်းတစ်လုံး မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာတွင် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲတွင် တောမီးမှတစ်ဆင့် ကြက်ခြံအဟောင်းတစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။






