လှိုင်းဘွဲမြို့နယ်၌ မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တောင်ပလောင်ကျေးရွာနေ ဒေါ်ချဲမိ(၆၀)နှစ်၏ နေအိမ်၌ ဖေဖော်ဝါရီ ၁၆ ရက် ည ၉ နာရီ ၅၅ မိနစ်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ ပျဉ်ခင်း/ ကာ နေအိမ် ၁ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။








