တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးရှိ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအဝင် ဖုန်းကာဗာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် ဂျပ်ပုံးအတွင်း ခြင်ဆေးထွန်းထားရာမှ ယနေ့ ည ၆ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။





