ဟိုပုံးနှင့်ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၆ ဧက ဖျက်ဆီး

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဒုံမောက္ကလန်ကျေးရွာ၏ အရှေ့တောင်ဘက် ၃မိုင်ခန့် အကွာတွင် ဒီဇင်ဘာ ၂၂ ရက်က ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ...............
ပေါင်းတည်မြို့၌ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့၌ ယနေ့ နံနက် ၁ နာရီခွဲခန့်က မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့
မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှုဖြစ်ပွား
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယမန်နေ့ ညနေပိုင်းက မီးသတ်ယာဉ်တစ်စီး ဂျွိုင်းဆက်ပြုတ်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရ
အင်းစိန်၊ လောက်ကိုင်နှင့် ကျိုင်းတုံမြို့နယ်တို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ       
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ်၊ ရွာမ(အရှေ့)ရပ်ကွက်၊ ဂျပန်လမ်း၊ မြို့တော်ဂေါက်ကွင်းဟိုတယ်၊ မြေညီထပ်၊ အခန်းအမှတ်(၁၂၄)ကိုရှာဖွေရာ ဇင်မောင်ဝင်း အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀ဝ ၊ လက်ကိုင်ဖုန်း (၁)လုံးနှင့် Light Truck အမျိုးအစားမော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်းဟိုတယ်တွင် သူရအောင် အား လက်ကိုင်ဖုန်းတစ်လုံး၊ Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 
ရေးမြို့နယ်၌ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၄ ဦး အား အရေးယူထား
ရေးမြို့နယ် ရင်းဒိန်ကျေးရွာရှိ ကန့်သတ်နယ်မြေဖြစ်သော ပင်လယ်ကမ်းခြေ၌ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၄ ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖလမ်းမြို့၌ လမ်းကြိတ်စက်ရိုလာယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လူနေအိမ်နှစ်လုံးအား ဝင်တိုက်မှုဖြစ်
လမ်းကြိတ်စက် ရိုလာယာဉ်တစ်စီးက ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်နှစ်လုံးအား ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ မိနစ် ၂၀ ခန့်က ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
မန္တလေးမြို့တွင် အိမ်စီးကားတစ်စီးပေါ်မှ တစ်သောင်းတန် ငွေစက္ကူအတု ရွက်ရေ ၃၀၀၀ ကျော်ဖမ်းမိ
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ရတနာပုံတက္ကသိုလ်လမ်းခွဲ မီးပွိုင့်တွင် ယနေ့နံနက်အစောပိုင်းက အိမ်စီးကားတစ်စီးပေါ်မှ ငွေစက္ကူအတု ရွက်ရေ ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။