လယ်ဝေးမြို့နယ်တွင် လျှပ်စစ်တာဝါတိုင်ပေါ်မှ တရုတ်နိုင်ငံသားတစ်ဦး ပြုတ်ကျသေဆုံး

SEPCO ကုမ္ပဏီမှ အထွေထွေလုပ်သားဖြစ်သူ တရုတ်နိုင်ငံသား Mr. Du Wen Ping (၄၆)နှစ်သည် အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရီခွဲခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လမ်းစဉ်ကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာရှိ မိတ္ထီလာ-တောင်ငူ ဓာတ်အားလိုင်း သွယ်တန်းရန် ဆောက်လုပ်ထားသည့် အမြင့်ပေ ၁၀ဝ ခန့် လျှပ်စစ်တာဝါတိုင်ပေါ်၌ လျှပ်စစ်ကြိုးများအား စစ်ဆေးခဲ့သည်။
ပင်လောင်းမြို့နယ်၌ ဘိန်းခင်း ၂၄ ဧကခန့် ဖျက်ဆီး
ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးလွင်ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၂၄ ဧကခန့်အား ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ပထမနှစ်ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ကလေး)မှ ပထမနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော မောင်သန်းထိုက်အောင်၊ မောင်ဇော်မျိုးအောင်၊ မောင်ဟိန်း မင်းသူ၊ မောင်စိုင်းနောင်ထွန်း၊ မောင်ကမ်းမီနှင့် ဒုတိယနှစ် သူနာပြုသင်တန်းကျောင်းသားများဖြစ်ကြသော တွောင်ခန့်တွောင်နှင့် မောင်ထွန်းအောင်တို့ ခုနစ်ဦးသည် အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ အချိန်ခန့်က ကလေးမြို့ နေရဉ္စရာမြစ်(ဖောင်ကူး)နှင့် မြစ်သာမြစ်ဆုံတွင် ရေဆင်းကူးကြရာ မောင်ထွန်းအောင်နှင့် မောင်သန်းထိုက်အောင်တို့နှစ်ဦးသည် ရေနစ်သွားသဖြင့် မောင်ဟိန်းမင်းသူက ဆယ်ယူကယ်တင်ရာ၌ မောင်ထွန်းအောင် တစ်ဦးတည်းကိုသာကယ်တင်နိုင်ခဲ့ပြီး မောင်သန်းထိုက်အောင်မှာ ရေနစ်ထဲသို့ မျောပါ သွားကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ဝါးဒင်းကျေးရွာအနီး၌ သားရေများခွါယူထားသည့် တောဆင်ရိုင်း တစ်ကောင် သေဆုံးလျှက်တွေ့ရှိ
ပြည်ကြီးမဏ္ဍိုင်မြို့ ဝါးဒင်းကျေးရွာအနီး၌ သားရေများခွါယူထားသည့် တောဆင်ရိုင်း တစ်ကောင် သေဆုံးလျှက်တွေ့ရှိ........................................
ရွှေဘို၌ ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့လုယက်သူများကို သက်သေခံပစ္စည်းနှင့်အတူ ဖမ်းမိ

ထီးချိုင့်မြို့ အမှတ် ၃ ရပ်ကွက်အတွင်းမှ ဖဲလောင်းကစား   ပြုလုပ်သူများ ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့၊အမှတ်(၃)ရပ်ကွက်အတွင်းမှ တရားမဝင် ဖဲလောင်းကစားပြုလုပ်သူများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့တွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ ဂိုထောင်တစ်လုံး မီးလောင်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၇ နာရီ ၁၅ မိနစ်က ရွှေဘိုမြို့ အမှတ်(၈) ရပ်ကွက်၊ ဝန်တော်အိမ်ရပ်ရှိ ကုန်ပစ္စည်း သိုလှောင်သောဂိုထောင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနနမှ သိရသည်။