တာချီလိတ်မြို့နယ်၌ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးပြုလုပ်ရာအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂ ဒသမ ၅၄ သိန်း ၊ စိတ်ကြွဆေးမှုန့် ၁ ဒသမ ၉ ကီလို ၊ ကတ်တမင်း ၉၀ဝ ဂရမ် ၊ ဘိန်းညိုမှုန့် ၅ ကီလို ၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
ပုသိမ်ကြီး ၊ ကျေးသီး၊ မိုးမိတ် ၊ ဟိုပုံးမြို့၊ မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၆ နာရီက ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပြင်ဦးလွင်-မန္တလေး ကားလမ်းတွင် ...........
လှည်းကူးမြို့နယ်၌ အခြားခွဲသားများ  တင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီး ဖမ်းမိ 
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ အခြားခွဲသားများ တရားမဝင် တင်ဆောင်လာသော (၆)ဘီးယာဉ် တစ်စီးကို ဇွန် ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   
ကျိုက်မရော၌ ယာဉ်တစ်စီး ထန်းပင်ဝင်တိုက်ကာ တိမ်းမှောက်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နတ်စမ်းထန်းပင်တန်း၌ ယနေ့နံနက်ပိုင်းက ယာဉ်မောင်း ဦးလှမောင် မောင်းနှင်လာသော ခွေးဘီလူးကားသည် အရှိန်မထိမ်းနိုင်ဘဲ ထန်းပင်ဝင်တိုက်မိသဖြင့် ............
မြိတ်မြို့တွင် Aircon Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးဌေးမြင့် ပိုင်ဆိုင်သော အလျား (၅၀)ပေ၊ အနံ(၇၀)ပေ RC(၆)ထပ် ယုဇနဖောင်ဒေးရှင်းရုံး၏ ပထမထပ်နားနေခန်းတွင် ..........
ဇင်းကျိုက်မြို့ ကျောက်သင်္ဘောရေတံခွန်းအပန်းဖြေစခန်းတွင် အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်သေဆုံး
သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းရှိ ရေကူးကန်အတွင်း အမျိုးသားတစ်ဦး ရေးဆင်းကူးနေစဉ် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
 ဝက်လက်မြို့တွင်  မီးအားမြှင့်စက် အပူလွန်ကဲရာမှ   မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်၊  ဝက်လက်မြို့၊ အမှတ်(၃) ရပ်ကွက်တွင်   ဇွန် ၁၄ ရက်  ည  ၇ နာရီခန့်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ ကြက်ခြံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့် ထံမှ သိရသည်။