ပုသိမ်ကြီးမြို့နယ်နှင့် လားရှိုးမြို့နယ်၊ ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် နံနက် ၃ နာရီက ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် မျိုးသိန်း(ခ) ကိုမင်း မောင်းနှင်ပြီး ကိုကိုလေး လိုက်ပါလာသည့် Canter အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆာလာဖျူရစ် အက်ဆစ် ၁,ဝ၀ဝ လီတာ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇွန် ၉ ရက်မှ ၁၀ ရက်အထိ တရားမဝင် သစ်ခွဲသား စုစုပေါင်း ၁၁ ဒသမ ဝ၄၂၆ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ဆီအုန်းဆီကြမ်းသယ်ယာဉ် မတော်တဆမှုဖြစ်ပွား

ကော့သောင်း ၁၂ ဇွန်

ဗိုလ်ရုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်နှစ်လုံး ဆုံးရှုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ ဗိုလ်ရုံ ကျေးရွာတွင် ဇွန် ၉ ရက် ည ၁ နာရီခန့်က နေအိမ်လူမရှိစဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင်ပြီး ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံး
မိုင်တိုင်အမှတ် ၇၁၀ နှင့် ၇၁၁ ကြားတွင် ဆိုင်ကယ်တစ်စီး အရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ် ငမန်းချောင်းတောင်ကျေးရွာချောင်းအတွင်း၌ ခရီးသည်တင် စက်လှေတစ်စီး မီးလောင်းမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းတောင်ချောင်းအတွင်း၌ ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ယမန်နေ့မွန်းလွဲပိုင်းက ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်     ဇွန် ၁၀ ရက် နံနက် ၉ နာရီတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ်(ခဝ/၃၄၆)ရှိ အခန်းအမှတ်(၁)တွင် ငှားရမ်းနေထိုင်သူ ဂျင်မြင်ကျိုး၏ အခန်းကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅၉၉၅ ပြား