သင်္ဃန်းကျွန်းမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး လမ်းပြောင်းပြန်မောင်းနှင်လာစဉ် ယာဉ်(၅)စီးအား ဝင်တိုက်မှုဖြစ်ပွား
စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၌ ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ယာဉ်(၅)စီးအား ဝင်ရောက်တိုက်မိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။








