ရပ်ကွက်အုပ်ချုပ်ရေးမှူး သီချင်းဆိုရန် မိုက်စမ်းရာမှ ဓာတ်လိုက်သေဆုံး
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အမှတ်(၁) ဇီးကုန်းလေးရပ်ကွက်တွင် သင်္ကြန်အတတ်နေ့ ယနေ့နံနက် ၁၀ နာရီခွဲခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သီချင်းဆိုရန် မိုက်စမ်းရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ
သထုံခရိုင် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ အသက် ၂၀ အရွယ်တစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ကသာမြို့နယ် ရွှေလီမြစ်အတွင်းမှ တရားမင်ကျွန်းသစ် (၄၃)လုံးနှင့် ကညင်ခွဲသားများ ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ရွှေလီမြစ်အတွင်း ကျွဲခြံကျေးရွာအနီးမှ တရားမဝင်ကျွန်းသစ်လုံးနှင့် ကညင်ခွဲသားများ ဖမ်းမိခဲ့ကြောင်း သိရပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကားဘီးပေါက်၍ ယာဉ်များတိမ်းမှောက်
ယနေ့နံနက် ၆ နာရီခန့်က နေပြည်တော်-ရန်ကုန်လမ်းပိုင်း မိုင်တိုင် ၇၅/၃ - ၇၅/၄ အကြားတွင် ယာဉ်မောင်း ဝဏ္ဏမျိုး (၁၈)နှစ် ရွာသစ်ကြီးရွာ စစ်ကိုင်းမြို့နေသူ မောင်းနှင်သော
တန့်ဆည်မြို့နယ်  ရွာငယ်ကြိုးပြင်ကာကွယ်တောအတွင်း  ဒီဇယ်ဆီပီပါ  တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  တန့်ဆည်မြို့နယ်နှင့် တောကျင်ကြား ရွာငယ်ကြိုးပြင် ကာကွယ်တောအတွင်းတွင် ဧပြီ ၁၁ ရက် ညပိုင်းက ဒီဇယ်ဆီပေပါ ၆၇ လုံး တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး  တာယာအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း  ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ပြင်ဦးလွင်၊ ပင်လောင်း၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ပိတ်ချင်းမြောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ည ၁၀ နာရီက ည ၁၀ နာရီက ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာ၊ မန္တလေး - လားရှိုးကားလမ်း၊ ဘုရားကြီးလမ်းဆုံတွင် ..........