တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ပတ်အတွင်း တရားမဝင်သစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်လျက်ရှိရာ ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း တရားမဝင်းသစ် ၃၂၀ ဒသမ ၆၅၀၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်တောနှင့် ထားဝယ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ခဲယမ်း ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၄၆) မောင်တောမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာအုပ်စု၊ ဥဒေါင်းကျေးရွာနေ ဘမောင်ဌေး၏နေအိမ်ကို ရှာဖွေရာ ၎င်း၏ဇနီး မခင်စန်းယုအား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြားနှင့် တစ်တောင့်ထိုးလုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖျူစ် ၁ ခု၊ ကာဘိုင် ကျည် ၂ တောင့်၊ ၉ မမ ကျည် ၁၃ တောင့်တို့ကို လည်းကောင်း။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်
မောင်တောမြို့နယ်၊ နယ်မြေ(၃)၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်း ရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည်
ညောင်ရွှေနှင့် နမ့်ခမ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး
ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာ တောင်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁ ဒသမ ၅)ဧကခန့်အား ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူး သက်နိုင်ဦး ဦးစီးပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ကုန်းအတက်တွင် ယာဉ်အားဂီယာချိန်းစဉ် နောက်ပြန်လိမ့်ကျ တိမ်းမှောက်သဖြင့် (၂၇)ဦး ဒဏ်ရာရရှိ
ဥတ္တရသီရိမြို့နယ် မကွေး-ကံပြားလမ်းတွင် ယမန်နေ့ညပိုင်းက ဘုရားဖူးယာဉ်တစ်စီး ယာဉ်အားဂီယာချိန်းစဉ် နောက်ပြန်လိမ့်ကျ တိမ်းမှောက်သဖြင့် (၂၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မီးကြွင်း မီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ ရွှေကင်းရွာရှိ နေအိမ်တစ်လုံး ဖေဖော်ဝါရီ ၂၇ ရက် ဝ၀ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။