အာဂျင်တီးနားအသင်းနှင့်အတူ တိုက်စစ်မှူး မက်ဆီ ပြန်လည်ပါဝင်လာမည်

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ ဗင်နီဇွဲလားအသင်း၊ အီကွေဒေါအသင်းတို့နဲ့ ယှဉ်ပြိုင် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ပြန်လည် ပါဝင်လာမှာဖြစ်တယ်လို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ ဟက်ထရစ်သုံးကြိမ်သွင်းယူနိုင်ခဲ့ပြီး ပထမဆုံးပြင်သစ်ကစားသမားဖြစ်လာတဲ့ ဘင်ဇီမာ
ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ မတ် ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် အသင်းနဲ့အတူ သွင်းဂိုးသုံးဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ဟက်ထရစ်သုံးကြိမ် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါစည်းမျဉ်းတွေကြောင့် အင်ဒီယန်ဝဲလ်နဲ့ မီယာမီအိုးပင်းတို့ကနေ နုတ်ထွက်ခဲ့ရတဲ့ ဂျိုကိုဗစ်
ဆားဘီးယားတင်းနစ်အကျော်အမော်ဂျိုကိုဗစ်ဟာ အမေရိကန်နိုင်ငံရဲ့ ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းတွေကြောင့် အင်ဒီယန်ဝဲလ်နဲ့ မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွေကနေ  နုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်။
တိုက်စစ်မှူး ဗာဒီ သီတင်းပတ်အနည်းငယ်ကြာ အနားယူရမည်
လက်စတာစီးတီးအသင်းတိုက်စစ်မှူး ဗာဒီဟာ ဒူးဒဏ်ရာရရှိထားတာကြောင့်သီတင်းပတ်အနည်းငယ် ကြာ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဗာဒီဟာ မတ် ၅ ရက်က လက်စတာစီးတီးအသင်းက လိဒ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆုဖလားနှင့် အမျိုးသမီး အသင်းလိုက် တံခွန်စိုက်ဆုဖလားအပ်နှံ
၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ပြည်နယ်နှင့် တိုင်းဒေသ ကြီး အသင်းလိုက် တံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကိုယ်စားပြု Golf အသင်း အမျိုးသားအသင်းလိုက် ဒုတိယဆု ဖလားနှင့် အမျိုးသမီးအသင်းလိုက် တံခွန် စိုက် ဆုဖလားအပ်နှံသည့် အခမ်းအနားကို မတ်  ၁၀ ရက် နံနက်  ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စပါးအသင်းက အဲဗာတန်အသင်းကို ငါးဂိုးပြတ်အနိုင်ရပြီး ဟယ်ရီကိန်းရဲ့ ပရီမီယာလိဂ်သွင်းဂိုး ၁၇၆ ဂိုး အထိရှိလာ
စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ မတ် ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ပရီမီယာလိဂ် ပွဲစဉ်မှာ အိမ်ရှင် စပါးအသင်းက ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ အဲဗာတန်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ကမ္ဘာ့စနူကာပြိုင်ပွဲ၏ ၃၂ ဦး ရှုံးထွက်အဆင့်ပြိုင်ပွဲသို့ မြန်မာကစားသမား အောင်ဖြိုး တက်ရောက်
၂၀၂၂ ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို မတ် ၈ ရက်က ကာတာနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာစနူကာကစားသမား အောင်ဖြိုးသည် ကမ္ဘာ့စနူကာပြိုင်ပွဲ၏ ၃၂ ဦး ရှုံးထွက် အဆင့်သို့ တက်ရောက်သွားသည်။