အာဆီယံဖူဆယ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း စတင်ပြင်ဆင်

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဇန်နဝါရီ ၂၃ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။
တစ်ယောက်လျော့ ကိုမိုရို့စ်အသင်းကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့သည့် အိမ်ရှင်ကင်မရွန်းအသင်း
အိမ်ရှင် ကင်မရွန်းအသင်း နှင့် ကိုမိုရို့စ်အသင်းတို့၏ အာဖရိကနိုင်ငံများဖလား ၁၆ အသင်းအဆင့် ပွဲစဉ်ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ကင်မရွန်းအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်
၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယနေ့အဖြစ် မြန်မာနှင့်တောင်ကိုရီးယား အသင်းတို့ ဇန်နဝါရီ  ၂၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲက အိန္ဒိယနိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
နိုင်ဂျီးရီးယားကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်သို့ တူနီးရှားအသင်း တက်လှမ်း
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ နိုင်ဂျီးရီးယားအသင်းနှင့် တူနီးရှားအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ တူနီးရှားအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ခဲ့သည်။
ချယ်လ်ဆီးက စပါးကို သီတင်းသုံးပတ်အတွင်း သုံးကြိမ် အနိုင်ရရှိခဲ့
ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်း က သီတင်းသုံးပတ်တာ ကာလအတွင်း သုံးကြိမ်အထိ အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။
အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲများ ဆက်လက်ကျင်းပ မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့ တွေ့ဆုံ
အိန္ဒိယနိုင်ငံရှိ မြို့ကြီးသုံးမြို့၌ ပြုလုပ်လျက်ရှိသည့် ၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ် များကို ယနေ့ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တောင်ကိုရီးယားအသင်းတို့ တွေ့ဆုံနေသည်။
အမှတ်ပေးဇယားထိပ်ဆုံးတွင် မန်စီးတီး ဆက်လက်ဦးဆောင်
မန်စီးတီးအသင်းဟာ ပရီမီယာလိဂ် ပွဲစဉ်(၂၃)အဖြစ် ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ဆောက်သမ်တန် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်ခွင့်ရရှိနေတာလည်း ဖြစ်ပါတယ်။