အာဆင်နယ်အသင်း ဝက်စ်ဟမ်းကို နိုင်ပြီး အဆင့် (၄)သို့ တက်ရောက်

ပရီမီယာလိဂ်ပွဲစဉ် (၁၇)မှ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် အာဆင်နယ်အသင်းနှင့် ဝက်စ်ဟမ်း အသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆူဇူကီးဖလားပြိုင်ပွဲ  အုပ်စုနောက်ဆုံးနေ့တွင်  ဆီမီးဖိုင်နယ် တက်ရောက်မည့်  နှစ်သင်း ထပ်မံ ထွက်ပေါ်မည်
စင်ကာပူနိုင်ငံ၌ ပြုလုပ်နေသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲများကို ဒီဇင်ဘာ ၁၈၊ ၁၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်မည့် နှစ်သင်း ထပ်မံထွက်ပေါ်မည်ဖြစ်သည်။
အိမ်ကွင်းမှာ လိဒ်စ်ကို အနိုင်ယူပြီး ယခုနှစ်ရာသီ ဂိုးအပြတ်ဆုံးနိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့သည့် မန်စီးတီး
ပရီမီယာလိဂ်ပွဲစဉ် (၁၇)မှ ကြားပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးအသင်းနှင့် လိဒ်စ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက အီတီဟက် ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ခုနစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် ယခု အနိုင်ပွဲကြောင့် ပွဲစဉ် (၁၇) အပြီး ရမှတ် ၄၁ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားသည်။
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်က စစ်တွေမြို့ ဓညဝတီဂေါက်ကလပ် ဂေါက်သီးရိုက်လေ့ကျင့်ရေးကွင်း၌ ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရန်စီစဉ်နေ
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေကြောင်း ဒီဇင်ဘာ ၁၄ ရက် နံနက်က ကျင်းပသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့် တင်ပြီး လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေး မှူး ဦးခွန်ဂျာအောင်က ပြောကြားသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကျင်းပ