ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် မန်စီးတီးအသင်း အနိုင်ရ တိုက်စစ်ပိုင်းက နောက်ဆုံး ကစားခဲ့တဲ့သုံးပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့
ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ အောက်တိုဘာ ၂၃ ရက်(စနေနေ့ည)နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်စီးတီးအသင်း တို့ပွဲစဉ်မှာ မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်း တိုက်စစ်ပိုင်းဟာ နောက်ဆုံးကစား ခဲ့တဲ့သုံးပွဲမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။



