ဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် စင်ကာပူနိုင်ငံကို အာဆီယံဘောလုံးအဖွဲ့ချုပ် ရွေးချယ်

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားရပြီး ယခုနှစ်ကုန်ပိုင်းတွင်ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ်
မြန်မာအသင်းပါဝင်သော အာရှဖလားယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I)ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်
၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲမှ မြန်မာအသင်းပါဝင်သော အုပ်စု(I)ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ မြန်မာပါဝင်သည့် အုပ်စု (D) ပွဲစဉ် ကျင်းပမည့်ကွင်း အတည်ပြု
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲမှ မြန်မာအမျိုးသမီးအသင်း ပါဝင် သည့် အုပ်စု (D) ကျင်းပမည့်ကွင်းကို အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်သည်။
ယခုနှစ်ဘောလုံးရာသီ မန်ယူအသင်း ပရီမီယာလိဂ်ဖလား ရရှိလိမ့်မည်မဟုတ်ဟု ဂယ်ရီနဗီးလ် ပြောကြား
မန်ယူအသင်းဟာ အခုနှစ်ဘောလုံးရာသီအတွင်းမှာ ပရီမီယာလိဂ်ဖလားရရှိလိမ့်မည်မဟုတ်ကြောင်းနဲ့ ပရီမီယာလိဂ်ချန်ပီယံဖြစ်မယ့် အသင်းကောင်းတစ်သင်းဖြစ်ဖို့ လိုအပ်နေသေးကြောင်း ဂယ်ရီနဗီးလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စပါးအသင်းကို အနိုင်ရရှိပြီးနောက် ပြိုင်ပွဲစုံ လေးပွဲဆက် နိုင်ပွဲရရှိလာသည့် အာဆင်နယ်
အာဆင်နယ်နှင့် စပါးအသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်(၆)ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း အိန္ဒိယကလပ်၌ သွားရောက် ကစားမည်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ်အသင်းတွင် ကာလတိုစာချုပ်ဖြင့် သွားရောက်ကစားမည်ဖြစ်သည်။
ဆမ်ဒိုးရီးယားကို အနိုင်ရရှိပြီးနောက် လိဂ်နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည့် ဂျူဗင်တပ်စ်
အီတလီစီးရီးအေ ပွဲစဉ်(၆)၏ အစောဆုံးပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနှင့် ဆမ်ဒိုးရီးယားအသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဂျူဗင်တပ်စ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂျူဗင်တပ်စ်အသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။