မြိတ်မြို့တွင် ဖိတ်ခေါ်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ် အားကစားသမားများပေါ် ထွန်းလာစေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Township Spots Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို မြိတ်ခရိုင် အားကစားခန်းမတွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ရှိချန်ပီယံ မြဝတီအမျိုးသမီးအသင်း မထင်မှတ်ဘဲ သရေကျ
၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၅) ပထမနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီအသင်း မထင်မှတ်ဘဲ သရေကျခဲ့သည်။ မြဝတီအသင်းသည် အား/ကာဦးစီးဌာနအသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်
ဒုတိယအကြိမ် မြန်မာ-တရုတ် ချစ်ကြည်ရေး နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲတွင် မြန်မာဖက်မှ စာရင်းပေးသွင်းယှဉ်ပြိုင်သူ ၅၉၆ ဦးရှိရာ ယမန်နှစ်ကထက် နှစ်ဆခန့်များလာကြောင်း မူဆယ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၏ စာရင်းအရ သိရသည်။ 
မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 
ဗိုလ်ချူပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ မတ်လတွင် စတင်ကျင်းပမည်
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို မတ်လတွင် စတင်ကျင်းပမည်ဖြစ်ပြီး MNL .............
မန္တလေးမြို့တွင် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
အောင်မြေသာစံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲကို ယနေ့ညနေပိုင်းက အောင်မြေမန္တလာ အားကစားခန်းမ၌ ကျင်းပရာ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မိုးကောင်းမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်  (၂၀) နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲကို ယနေ့မနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။