အူရီဒူးမြန်မာအနေဖြင့် ၎င်း၏ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုဖြစ်သည့် Supernet ဖိုင်ဘာကို မြန်မာနိုင်ငံတစ်ဝန်းတွင် ရရှိအသုံးပြုနိုင်ရန် ဝန်ဆောင်မှုများ တိုးချဲ့လျက်ရှိရာ ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးရှိမြို့များအပြင် မြို့နယ်အသစ် ၂၇ မြို့သို့ ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုပေးအပ် လိုက်ခြင်းကြောင့် ယခုအခါ မြို့နယ်ပေါင်း ၆၅ ခုတွင် Supernet ဖိုင်ဘာအင်တာနက်ကို ရရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။