အကယ်ဒမီနေတိုးနှင့်အတူ နေခြည်ဦးပါဝင်သည့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားသစ်အထူးပွဲပြသ
“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား အထူးပွဲ (Red Carpet Show ) ယမန်နေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ JCGV ကန်သာယာစင်တာ  ရုပ်ရှင်ရုံ၌  ပြသသည်။
ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၁၀ ရက်တွင် ရုံတင်ပြသမည်
ကမ္ဘာနှစ်ထပ် ရုပ်ရှင်ကို အောက်တိုဘာ ၁၀ ရက်တွင် တစ်နိုင်ငံလုံး ရုံတင်ပြသမည် ဖြစ်ကြောင်း  ယမန်နေ့ညက ရန်ကုန်မြို့ Junction City , JCGV၌ ပြသသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။
စပွန်ဆာရုပ်ရှင်ဇာတ်ကားနှင့် အမျှ အမျှ … ရုပ်ရှင်ဇာတ်ကားတို့ကို အောက်တိုဘာ ၃ ရက်တွင် ပြိုင်တူရုံတင်ပြသမည်
“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားနှင့် “အမျှ..အမျှ…” ရုပ်ရှင်ဇာတ်ကားတို့ကို အောက်တိုဘာ ၃ ရက်မှ စတင်၍ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံပေါင်း ၆၇ ရုံတွင် ပြိုင်တူရုံတင်ပြသသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံနှင့် Junction City၊ JCGV အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ယမန်နေ့ညပိုင်းက ကျင်းပသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။
"စာရိတ္တ"ဟု အမည်ပေးထားသော ဝေလ၏ တစ်ကိုယ်တော်ခွေသစ် ထွက်ရှိ
၁၉၈၂ အမည်ဖြင့် ပထမဆုံး တေးစီးရီးခွေကို ထွက်ရှိခဲ့ပြီးနောက် မိတ်ကပ်မကြိုက်သော၊ ခုတင်နံပါတ်(၁၈)၊ မျက်နှာဖုံးများ၊ အတုများတဲ့မြို့နှင့် အဓိပတိဖွား စသည့် တေးစီးရီးများဖြင့် အောင်မြင်မှု ရရှိနေသော အဆိုတော် ဝေလသည် ယခုနောက်ပိုင်းတွင် ဂီတဖျော်ဖြေပွဲများ၊ နယ်ပွဲများကြောင့် တစ်ကိုယ်တော်ခွေနှင့် အနည်းငယ် ဝေးကွာနေရာမှ စာရိတ္တဟု အမည်ပေးထားသည့် တေးစီးရီးသစ်ကို ဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရ
ရေဘေးသင့်ဒေသသို့ လှူဒါန်းမည့် "နှင်းဆီလှေ" အငြိမ့် ဖျော်ဖြေပွဲအကြောင်း မီဒီယာရှင်းလင်း
သဘာဝဘေးဒဏ် ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီလှေအငြိမ့် ဟု အမည်ပေးထားသော အငြိမ့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre ၌လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ လည်းကောင်း ကျင်းပမည်ဟု သိရ
နီနီခင်ဇော်၏ "ပါတီခင်ဇော်"အယ်လ်ဘမ်အတွက် အမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပ
တေးသံရှင် နီနီခင်ဇော်၏ လေးခွေမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်သည့် ပါတီခင်ဇော်ဟု အမည်ပေးထားသော သီချင်းခွေ(Audio CD)ကို Bo Bo တေးထုတ်လုပ်ရေးမှ စက်တင်ဘာ ၂၈ ရက်က စတင်ဖြန့်ချိလိုက်ပြီး ရန်ကုန်မြို့အတွက် ပရိုမိုးရှင်းပွဲကို လှည်းတန်းစင်တာ၌ ကျင်းပခဲ့ကာ ယင်းပရိုမိုးရှင်းပွဲတွင် နီနီခင်ဇော်နှင့်အတူ Featuring ပါဝင်သီဆိုပေးထားသော သရုပ်ဆောင် ပိုင်တံခွန်ကလည်း ပရိသတ်များကို အမှတ်တရလက်မှတ်များ ရေးထိုးပေးခဲ့ကြောင်းသိရ