ယောဂလေ့ကျင့်ခန်း မစတင်ခင် ဒါတွေပြင်ဆင်ထားပါ
ဒီဘက်ခေတ်မှာ ယောဂလေ့ကျင့်ခန်းတွေဟာလည်း လူငယ်တွေကြားမှာ ခေတ်စားလာပါတယ်။ အလေးအပင်တွေ မစရာမလိုအပ်သလို ပေါ့ပေါ့ပါးပါးနဲ့ အသက်အရွယ်မရွေး ဆော့လို့ရတယ်။ မိန်းကလေးတွေဆိုရင် မလိုအပ်တဲ့ အဆီပိုတွေကျစေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေတယ်။ အမျိုးသားတွေဆိုရင်လည်း တစ်နေကုန် အလုပ်လုပ်ထားတဲ့ ဒဏ်တွေ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းကြောင့် ကြွက်သားညောင်းကိုက်တာတွေကို ယောဂကစားခြင်းဖြင့် ပြေလျော့စေတယ်။ အသက်ကြီးပိုင်းတွေအတွက်လည်း ကျန်းမာရေးကောင်းစေတယ်၊ သွက်လက် ပေါ့ပါးစေတယ်၊ မှတ်ဉာဏ်ကောင်းစေတယ်၊ အရွယ်တင်စေပါတယ်








