နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူ မရှိစေရေး မြိတ်မြို့လေဆိပ်၊ ကားဂိတ်နှင့် သေင်္ဘာဆိပ်တို့တွင် စစ်ဆေးလျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသူမရှိစေရေးအတွက် လေဆိပ်၊ ကားဂိတ်နှင့် သေင်္ဘာဆိပ်တို့၌ မြိတ်မြို့သို့ရောက်ရှိလာသည့် ခရီးသည်များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ဇန်နဝါရီ ၁၇ ရက်တွင် Control T . Infrared Thermoscope စမ်းသပ်ကိရိယာဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။








