အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပတ်ကြားအက်နေလား
ခုလို ဆောင်းရာသီအချိန်က နဂိုအသားအရေခြောက်တဲ့သူတွေအတွက်တော့ ဒုက္ခအရောက်ရဆုံးပါပဲ။ အသားခြောက်တဲ့ သူတွေဆိုတာ နဂိုချွေးပေါက်ကနေ သဘာဝအဆီ (Sebum) ထုတ်လုပ်မှု နည်းလွန်းတာကြောင့် အသားက စိုစိုပြေပြေ မရှိဘဲ ခြောက်နေတာပါ။ အဲ့တော့ ခုလိုရာသီမှာ အပြင်က အေးလွန်းတဲ့လေကြောင့်ရော၊ ရေပူတွေနဲ့ ချိုးတာ၊ ရေစိမ်နေကြတာကြောင့်ရော၊ ရေသောက်နည်းပြီး အသားအရေက အစိုဓာတ်ဆုံးရှုံးမှုများလာတဲ့အခါ အရင်ကထက် ပိုပြီး အသားခြောက်တတ်








