အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့ အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ် ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား