နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။
နား၊ နှာခေါင်း၊ လည်ချောင်းရောဂါတွေထဲမှာ နှာခေါင်းမှာလည်း ရောဂါပေါင်းစုံဖြစ်တတ်ပါတယ်။ သာမန်အနံ့ပျောက်ရာကစလို့ နှာခေါင်းအသားပို၊ ကင်ဆာတွေအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ နှာခေါင်းရောဂါတွေရဲ့ လက္ခဏာတွေက သာမန်လက္ခဏာတွေပဲ ဖြစ်တာကြောင့် ရောဂါတစ်ခုရယ်လို့ သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှစောစောစီးစီး ကုသမှု ခံယူနိုင်မှာပါ။