အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ
အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ၊ အထူးသဖြင့်နှစ်နဲ့ချီအောင် ကြာမြင့်နေတဲ့အခါ သွေးဖိအားက မြင့်တက်လာနိုင်ခြေပိုများတယ်။ ဒီစိတ်ကြောင့်ချည်းပဲဖြစ်ရတာ မဟုတ်ပေမယ့် တခြားအကြောင်းရင်းတွေထဲမှာမှ အတော်သက်ရောက်မှုများတဲ့ အချက်ဖြစ်ပါတယ်။








