အနီရောင်အသားတွေရှောင်လွန်းတာလည်း သိပ်မကောင်းဘူးနော် …….
ကြင်နာစိတ်ကြီးသူတွေ၊ ရောဂါဖြစ်မှာကိုကြောက်တတ်သူတွေက အနီရောင်အသားတွေကို ရှောင်ကြတာ များတယ်နော်။ အနီရောင်အသားစားတာများရင် အူမကြီးကင်ဆာ ဖြစ်တတ်တယ်။ ရောဂါတွေတိုးစေတယ်ဆိုတာကိုး။ ဒီလိုပြောဆိုမှုတွေက လူတော်တော်များများကို အနီရောင်အသားတွေကို ရှောင်သွားစေပါတယ်။ ဒီအလေ့အထက တကယ်ကော ကျန်းမာရေးကို အထောက်အကူပြုရဲ့လား။ ခန္ဓာကိုယ်ဆိုတာကလည်း ထိုက်သင့်တဲ့ အာဟာရပြည့်ဝပါမှ ကျန်းမာမှာပါ။








