ဘားအံမြို့နယ် အိန္ဒုဈေးအတွင်း အစားအသောက်ကုန်မာဆိုင်(၁၄)ဆိုင်မှ သက်တမ်းလွန် အစားအသောက်များ တွေ့ရှိ
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ဘားအံမြို့နယ်အိန္ဒုဈေးအတွင်းနှင့် ဈေးပါတ်ဝန်းကျင်ရှိ အစားအသောက် ကုန်မာဆိုင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။







