ထားဝယ်တက္ကသိုလ်၌ မဟာအရည်အချင်းစစ်သင်တန်း အေးချမ်းစွာဖြေဆို

ထားဝယ်    မတ်     ၃၀

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် စတုတ္ထနှစ်ဥပဒေပညာ ဒုတိယပညာသင်ကာလ စာမေးပွဲနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပထမပညာသင်ကာလ စာမေးပွဲတတိယနှစ်၊ ဂုဏ်ထူးတန်း မဟာအရည်အချင်းစစ်သင်တန်း၊ မဟာပထမနှစ်သင်တန်းတို့ကိုကို မတ် ၃၀ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြသည်။

 

ရှေးဦးစွာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းတို့က ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)